Telegram Group Search
အဲဒီပန်းကလေး ခဏတာ

နမ်းရှိုက်ခွင့်ရရုံပါပဲ

သိပ်မြတ်နိုးလွန်းရင်တောင်

ကိုယ့်မှာ ခူးပန်ခွင့် မရှိခဲ့ဘူး


#Lʏᴅɪᴀ #quote
အမှတ်မထင်မင်းရဲ့အကောင်းလေးမီးစိမ်းနေတယ်

သို့သော်သူသည် သူများအပိုင်ဖြစ်နေခဲ့ပြီ။
#quote #Arkeko
ကော်ဖီတစ်ခွက်အေးစက်သွားလဲ

မြတ်နိုးတဲ့သူကဆက်သောက်ဦးမာပဲ။
#quote #Arkeko
မင်းကလေးကိုသိပ်ချစ်လို့လက်လွှတ်ခဲ့တာပါ

နောက်တစ်ယောက်ရဲ့ရင်ခွင်ထဲမှာပျော်ရွှင်ပါစေ

လက်လွှတ်တာနဲ့တန်အောင် ပျော်အောင်နေပါနော်။
#quote #Arkeko
သူကကျွန်တော့်ကိုမချစ်တာမဟုတ်ဘူး

အစကတည်းကမချစ်ခဲ့တာတဲ့

ဒါကိုငါဘာလို့လိုက်ပြီးကပ်တွယ်နေတာပါလိမ့်။
#quote #Aekeko
ကံပါမယ်ဆိုရင်တောင်

မင်းနဲ့မဆုံချင်တော့ပါ။
#quote #Aekeko
သိပါတယ် ကိုယ်ကမင်းတွက်မလိုအပ်ဘူးဆိုတာတွေ။

သိပါတယ် မင်းကိုယ့်ကိုမချစ်ဘူးဆိုတာတွေ။

ဒါပေမဲ့လေ ကိုယ်မှတ်ဥာဏ်တွေသိပ်မကောင်းတော့ဘူးထင်ရဲ့ မင်း ကိုယ့်ကိုမချစ်ဘူးဆိုတာမေ့မေ့သွားတယ် ကိုယ့်ကိုအလိုမရှိတဲ့မင်းအနား ခနခနလာနေမိတယ်...

နောက်ဆိုလေ ကိုယ်သတိထားပါ့မယ် အခုတော့မင်းမနှင်ပါနဲ့လား...ကိုယ့် နှလုံးသားလေးနာကျင်နေပြီ။ ။



#𝐋𝐘𝐃𝚰𝐀
#ᴏᴡɴᴇʀ
#𝐪𝐮𝐨𝐭𝐞
ငါမှားတာပါ...
မင်းအလေးထားခံရတဲ့သူဖြစ်ချင်မိတာ...
မင်းအချစ်ရဆုံးသူဖြစ်ချင်မိတာ...
မင်းတွက်အရေးပါတဲ့သူဖြစ်ချင်မိတာ...

ငါကိုယ်ကမှားတာ မဖြစ်နိုင်တဲ့အရာကိုမှမျှော်လင့်မိတာကို...ဒါပေမယ့်လေ မင်းကိုချစ်မိတာအမှားသာဆိုရင်လည်း ဆက်မှားနေအုံးမှာ...။

ငါဆိုတဲ့ဒီလူကြီးက မင်းကိုမှတမ်းတမ်းစွဲချစ်မိနေတာကို...။



#𝐋𝐘𝐃𝚰𝐀
#ᴏᴡɴᴇʀ
#𝐪𝐮𝐨𝐭𝐞
ရုပ်သေးရုပ်

ရုပ်သေးရုပ် ဆိုတာပြီးပြည့်စုံတဲ့ချိတ်ဆက်ထားတဲ့ကြိုးတွေနဲ့ဆွဲမှ လှပစွာလှုပ်ရှားတာမလား...

ကျွန်မကလည်းလေဒီရုပ်သေးလိုပဲ သံယောဇဥ်ဆိုတဲ့ကြိုးနဲ့ရှင်ကြိုးဆွဲရာယိမ်းနွဲ့နေမှာ...လှပစွာတော့မဟုတ် နာကျင်စွာနဲ့ပေါ့...

ရှင့်ဘက်ကပြက်သားလည်း ကျွန်မဘက်ကမပြတ်သားလေတော့ ဒီကြိုးတွေများပြတ်သွားရင်လေ ကျွန်မလွတ်လပ်သွားပေမဲ့ အားအင်ချိနဲ့စွာနဲ့ ရပ်တည်ဖို့မဖြစ်နိုင်ဘူးရှင်ရဲ့...

ရုပ်သေးဆရာ ရှင်မရှိဘဲ ရုပ်သေးရုပ် ကျွန်မဘယ်လိုလှုပ်ရှားရပါလိမ့်။ ။

                                          ချည်



#𝐋𝐘𝐃𝚰𝐀
#ᴏᴡɴᴇʀ
#𝐪𝐮𝐨𝐭𝐞
မြင်သာထင်သာအောင်ကြည့်ပါ

သူကအရမ်းချစ်ပါတယ်

မင်းမဟုတ်တဲ့တစ်ခြားတစ်ယောက်ကို။
#quote #Aekeko
ကျေးဇူးပြုပြီးတော့

အရင်လို ပြန်မနွေးထွေးနိုင်တော့ဘူးဆို
ရင်တောင်

ဒီလောက်ထိ

ပစ်မထားဖို့ပဲ တောင်းပန်ချင်တယ် ။



#𝐋𝐘𝐃𝚰𝐀
#ᴏᴡɴᴇʀ
#𝐪𝐮𝐨𝐭𝐞
ကျွန်မ နေခဲ့လိုက်တော့မယ် ...

လမ်းခွဲရအောင်ဆိုတဲ့ ... စကားကို မကြားချင်ယောင်ဆောင်ပြီး ဆွဲထားရတာ ပင်ပန်းလာပြီထင်တယ် ။ အေးစက်မှုတွေကြားမှာ ပြီးတော့ အလေးမထားမှုတွေကြားမှာ အရင်လို ပြန်ဖြစ်နိုင်ဖို့ မလွယ်တော့ဘူးဆိုတဲ့ အတွေးတွေ ၀င်လာနေမိပြီထင်ပါတယ် ။ ကျွန်မက ရှင့်ကို အရမ်းချစ်တာလေဆိုပြီး ပြောနေမိတဲ့ ကိုယ့်ကိုယ်ကိုလဲ တဖြေးဖြေး မုန်းတတ်လာခဲ့ပြီ ထင်ပါတယ် ။ ဒီရက်တွေမှာ မျက်ရည်တွေကြားက ဆက်ပြီးချစ်ဖို့ တွေးသလို နေခဲ့လိုက်ဖို့လဲ တွေးနေမိတယ် ။




#𝐋𝐘𝐃𝚰𝐀
#ᴏᴡɴᴇʀ
#𝐪𝐮𝐨𝐭𝐞
ဒုတိယလူ တဲ့ ...

ကျွန်တော် အမုန်းဆုံး နာမ်စားကို

အပိုင်ရခဲ့ဖူးတယ် ။



#𝐋𝐘𝐃𝚰𝐀
#ᴏᴡɴᴇʀ
#𝐪𝐮𝐨𝐭𝐞
ဒုတိယ လူတဲ့
ပထမ ဖြစ်ခဲ့တယ်ထင်ခဲ့တာ ပြီးတော့မှ ကိုယ့်ထက် တခြားတစ်ယောက်က အရေးပါနေမှန်းသိရတယ် ။

ကိုယ်အမုန်းဆုံး နာမ်စားလေးက ကိုယ့်အတွက်ပဲ မင်းပေးခဲ့တယ်ဆိုပါတော့ ... ဒါပေမယ့် ဆက်ပြီး ရပ်မနေတော့ဘူးနော် ။ ဆက်ပြီး မနှောင့်ယှက်တော့ဘူးနော် ...သူ့ကို အချိန်တွေ အများကြီး ပေးလိုက်ပါ ။

ကျွန်တော်က တစ်ယောက်တည်းနေရခြင်းတွေမှာ အသားကျပါတယ် ။




#𝐋𝐘𝐃𝚰𝐀
#ᴏᴡɴᴇʀ
#𝐪𝐮𝐨𝐭𝐞
ဒဏ်ရာပဲရရ ဘာပဲရရပေါ့...

အနည်းဆုံးတော့

မင်းနဲ့ဆုံဆည်းခွင့်ရခဲ့လို့ ပျော်ပါတယ်....
#quote #Aekeko
လူတွေပြောကြတယ်

မင်းကသိပ်ကိုရက်စက်တာပဲတဲ့

မဟုတ်ပါဘူး

ကျွန်မက ရက်စက်တာထက်ပိုရက်စက်တက်တယ်....။

#quote #ᴇᴀsᴛᴀ
2024/04/19 17:34:56
Back to Top
HTML Embed Code: